လိင်ဆက်ဆံလျှင် နာကျင်ခြင်း (Dyspareunia)
28-Feb-2017
လိင်ဆက်ဆံလျှင် နာကျင်ခြင်း (Dyspareunia)
ဖြစ်စေသောအကြောင်းများ
(၁) သွေးဆုံးခါနီး၊ သွေးဆုံးပြီး ယောနိမှာ ခြောက်နေခြင်း
(၂) အိပ်ဆေး၊ စိတ်ငြိမ်ဆေး၊ ဟစ်စတာမင်းဆန့်ကျင်ဆေးများ စားထားခြင်း
(၃) ယောနိ ဒဏ်ရာရခြင်း၊ ခွဲစိတ်ထားခြင်း
(၄) ယောနိရောင်ခြင်း၊ ရောဂါ ပိုးဝင်ခြင်း
(၅) ယောနိကျုံ့ခြင်း (Vaginismus)
(၆) တင်ပါးဆုံကွင်းရောင်ခြင်း
(၇) သားအိမ်ရောင်ခြင်း၊ မြင်းဖု၊ အကျိတ်ရောဂါရှိခြင်း
(၈) မစင်အိမ်၊ စအိုအိမ်ရောင်ခြင်း၊ အူသိမ် အူမရောဂါရှိခြင်း၊ လိပ်ခေါင်းထွက်ခြင်း
(၉) သားအိမ် ခွဲထုတ်ထားခြင်း
(၁၀) စိတ်ရောဂါရှိခြင်း၊ ပူပန်သောကများခြင်း
(၁၁) စိတ်ဖိစီမှုများခြင်း
(၁၂) ယခင်က အဓမ္မပြုကျင့်ခံခဲ့ရခြင်း
ကုသမှု
(၁) အကြောင်းအရင်းကိုရှာ၍ ကုသရသည်။
(၂) ယောနိကျဉ်းသဖြင့် နာကျင်က ဆီပါသော လိမ်းဆေး လိမ်းပါ။ ဥပမာ Gynegel
(၃) လိင်ဆက်ဆံမှုကို မကြောက်အောင် ပညာပေးပါ။
(၄) ပေါင်ခြံကြား ကြွက်သားများ သန်မာအောင် လေ့ကျင့်ပါ။ (Kegel Exercises)
(၅) လိုအပ်က ယောနိကို ချဲ့ပါ (Dilatation)
(၆) ရောဂါဖြစ်စေသော သားအိမ်မြင်းဖု၊ အသားပိုစသည်တို့ကို ခွဲထုတ်ပါ။
(၇) တင်ဆုံကွင်း ကျန်းမာရေးကို ဂရုစိုက်ပါ။ ဆိုလိုသည်မှာ ရောင်ရမ်းခြင်း၊ အဖုထခြင်း၊ အနာရွတ်ဖြစ်ခြင်းများကို ဖယ်ထုတ်ပါ။
(၈) စိတ်ရောဂါပညာရှင်နှင့် ဆွေးနွေးတိုင်ပင်ပါ။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာမောင်မောင်ညို
လူတိုင်းအတွက် အရေးပေါ်ဆေးပညာ စာအုပ်မှကောက်နုတ်ထားပါသည်။
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

